Tuesday, October 11, 2011

စာဖိုမှူးချစ်သူ (အခန်း-၅ (အိချီကို) ကလပ်ဖောင်ပိတ်ပြီ)


အခန်း-၅ (အိချီကို)
ကလပ်ဖောင် ပိတ်ပြီ

♥♥♥♥ အိချီ... အိချီ... အိချီကို... မိုမို... မိုမို... မိုမိုမိုမို... ယူကီ... ယူကီ... ယူယူကီ... မီနို.. မီနို... မီနိုနိုနို... စာဖိုမှူးကလပ်မှ ကြိုဆိုပါသည်... ♥♥♥♥

        တခြားကျောင်းသား၊ ကျောင်းသူတွေ မသိအောင် စာဖိုမှူးကလပ်ဝင်တဲ့ ဖောင်တွင် လက်မှတ်ထိုးပေးခဲ့ပြီ ကျွန်တော် လှည့်ထွက်လာခဲ့သည်။ ပြီမှ ပါးစပ်မှ တိုးတိုးလေး ရေရွှတ်ရင်း၊

ကျွန်တော် ။              ။ Fan ကလပ်အတွက် လက်မှတ်တဲ့...
          တော်တော် ပေါက်ပေါက်ရှာရှာ စဉ်းစားတတ်တဲ့ ၃ယောက်။ ဒီ၃ယောက်နဲ့ ကျွန်တော် စာဖိုမှူးကလပ်တွင် စခန်းသွားရမည်ကို တွေးရင်းနဲ့ ရင်တော့လေးမိသည်။ ဒါပေမယ့် ဒါဟာ ကျွန်တော် ဘ၀ရဲ့ ရည်မှန်းချက်၊ ပန်းတိုင် လုံးဝလက်မလျှော့ဘူးဟုတွေးရင်း အားတင်းထားသည်။ မုန့်စားဆင်းရန် ယမ်ချာနဲ့တူတူ မုန့်ဈေးတန်းမှာ တူတူထိုင်နေစဉ်၊

ယမ်ချာ ။                 ။ အိချီကို စဉ်းစဉ်းစားစားလည်း လုပ်အုန်းကွာ။ ခုဟာက မင်း ဂျီဂျောက်များနေတာနဲ့ ဘယ်ကလပ်မှ မ၀င်ရပဲ ဂေါ်လီ ဖြစ်နေအုန်းမယ်...

          ဂေါ်လီဆိုသည်မှာ ကျွန်တော်တို့ ယောကျာ်လေးများ အခေါ်အဝေါ် ကလပ်မဲ့၊ အလုပ်မရှိ အကိုင်မရှိမို့ ဂေါ်လီလို့ ခေါ်ခြင်းဖြစ်သည်။ ကျွန်တော် မဲ့ပြုံးပြုံး လိုက်ရင်း၊

ကျွန်တော် ။              ။ ဂေါ်လီတော့ မဖြစ်မခံပါဘူးကွာ...
          ဟုခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ ယမ်ချာကတော့ ကျွန်တော် ဂေါ်လီအခေါ်ခံရမှာစိုးလို့ စိတ်ပူနေပုံဖြင့်၊

ယမ်ချာ ။                 ။ ငါတို့ ဘတ်စ်ကတ်ဘော ကလပ်ပဲ ၀င်လိုက်ပါကွာ၊ မင်းအလယ်တန်းတုန်းက ရွှေတံဆိပ်ထိတောင် ရထားဖူးတာပဲ။ ပြီတော့ မင်းအရပ်နဲ့ဆို အတော်ပဲကွ...
          ဟုပြောလိုက်ရာ ကျွန်တော် ခပ်ပြုံးပြုံးဖြင့် ရယ်နေလိုက်သည်။  ကမ္ဘာကျော် စာဖိုမှူးတစ်ဦး ဖြစ်ချင်တာ ကျွန်တော်ပဲ ရူးမိုက်တာလား၊ သူများတွေပဲ နားမလည်ပေးတာလား မစဉ်းစား တတ်အောင်ပင်။ ခုအားလုံးက နောက်ဆုံးတော့ ကျွန်တော် ဘတ်စ်ကတ်ဘော ကလပ်သာ ၀င်မည်ဟု ထင်နေကြပုံရသည်။ မည်သူမှ စာဖိုမှူးကလပ်ကို ကျွန်တော် ၀င်မည်ကို လုံးဝတွေးကြံမိမည် မထင်ပေ။

ကျွန်တော် ။              ။ ငါစဉ်းစားဖို့ ဒီနေ့ တစ်ရက်လုံးလုံး ကျန်ပါသေးတယ်ကွာ...
          တဖက်လှည့်နည်းဖြင့် ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။ ခုချိန်လောက်ဆိုရင် တစ်ကျောင်းလုံး ကျောင်းသူအားလုံး နီးပါးက ကျွန်တော်ဝင်မည့် ကလပ်ကို အတင်းလိုက်စုံစမ်းနေပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကစပြီ ကျွန်တော်အလုပ်ချင်ဆုံး စာဖိုမှူးကလပ်ထဲ ၀င်ရမည်မို့ စိတ်ထဲမှာ ကြိတ်ပြီ သဘောကျနေမိသည်။
          နောက်နေ့မနက် ကျောင်းထဲ စ၀င်လိုက်သည်နှင့် ကျောင်းပေါက်ဝတည့်တည့်တွင် ဆိုင်ပုဒ် အကြီးကြီးဖြင့်၊

ဆိုင်ပုဒ် ။                  ။ ကလပ် ၀င်ခွင့်၊ ထွက်ခွင့်၊ ပြောင်းခွင့်၊ ရွှေ့ခွင့်၊ ဖျက်ခွင့်၊ သိမ်းခွင့် ရှိသမျှ အားလုံး ပိတ်ပြီ။ ပုံ-ကျောင်းအုပ်...
          ဟူ၍ ရေးထားသည်ကို တန်းတန်းကြီး မြင်လိုက်ရသည်။ ဒီနေ့ကစပြီ စာသင်ချိန်ပြီသည်နှင့် ကျောင်းသား၊ ကျောင်းသူအားလုံး အသီးသီး ကိုယ်ဝင်သည့်ကလပ်များသို့ သွားရောက်နေကြပြီ ဖြစ်သည်။ ကျွန်တော် တစ်ယောက်ထဲ စာဖိုမှူးကလပ်ကို ရှာမတွေ့ပဲ တစ်ဆောင်တက်၊ တစ်ဆောင်ဆင်းဖြင့် လိုက်ရှာနေရသည်။ စိတ်ထဲ စာဖိုမှူးကလပ် ဘယ်နားမှာပါလိမ့်ဟု တွေးနေမိသည်။ နောက်ဆုံး အခန်းတစ်ခုရှေ့တွင် လက်ရေးဖြင့် မြင်ရရုံတမယ် စာဖိုမှူးကလပ်ဟု ရေးထားသည့် စာရွက်လေးတွေကို တွေ့လိုက်၍ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီ ထိုတံခါးကို ဆွဲဖွင့်လိုက်ရာ၊

ပြိုင်တူ ။                   ။ အိချီကို မင်္ဂလာပါ...
          ယူကီ၊ မီနို၊ မိုမိုတို့ အမှောင်ထဲမှနေ၍ ကျွန်တော်ကို ပြိုင်တူ နှုတ်ဆက်လိုက်ရာ ရှုတ်တရပ် လန့်ပြီ၊
ကျွန်တော် ။              ။ အောင်းမယ်လေးဗျ။ ခင်မျာတို့ အမှောင်ထဲမှာ ဘာလို့ ထိုင်နေတာလဲ...
ပြိုင်တူ ။                   ။ မီးသီး ကျွမ်းနေလို့ပါ...
ကျွန်တော် ။              ။ ဘာ...
          ထအော်လိုက်သေးသည်။ ပြီမှ ကျွန်တော် မျက်မှောင်ကို ကုတ်လျှက် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ ဘယ်နှနှစ်လောက် ပစ်ထားတဲ့ စားဖိုဆောင် အဟောင်းကြီးမှန်း မသိအောင် တခန်းလုံး ဖုံတွေ၊ ပင်ကူမျှင်တွေနဲ့ ရှုပ်ပွနေသည်။ မီးသီးများလည်း အားလုံး ကွဲအက်နေသေးသည်။ နှာခေါင်းထဲသို့ သိသိသာသာ တိုးဝင်လာသော အခန်းဟောင်းအနံ့ကြောင့် ကျွန်တော် နှာခေါင်းကို ပိတ်ရင်း၊

ကျွန်တော် ။              ။ ဒါ စာဖိုမှူးကလပ်ရော ဟုတ်လို့လား...
          သက်ပြင်းတချက် ချလိုက်မိသည်။ ခဏနေတော့ စားပွဲတစ်ခုကို သန့်စင်ပြီ ကျွန်တော်အတွက် အကျိုးအပဲ့၊ အစုတ်အပြတ် ထိုင်ခုံတွေထဲမှ အကောင်းဆုံး ထိုင်ခုံကို ရွေးကာ၊

မီနို ။                       ။ အိချီကို ထိုင်ဖို့...
          လာထိုးပေးသည်။ ကျွန်တော်လည်း နှာခေါင်းကို အ၀တ်ဖြင့် စီထားရင်း မအီမသာ မျက်နှာဖြင့် လှမ်းယူလိုက်သည်။ သူတို့နှင့်တူတူ တစားပွဲထဲ ၀င်ထိုင်လိုက်သည်။ နေ့ခင်းရောက်သွား သည့်တိုင်အောင် စာဖိုမှူးကလပ်ဟုသာ ဆိုသည် ဟင်းချက်ဖို့ အိုးမရှိ၊ ဓားမရှိ၊ မီးမရှိ၊ ပစ္စည်းတစ်စုံတစ်ခုမှ မရှိသည်နှင့် စိတ်ပျက်စွာ ထိုင်နေစဉ်၊

ယူကီ ။                    ။ ငါဗိုက်ဆာလိုက်တာ...။ မီနိုရေ၊ ငါကို တစ်ခုခုချက်ကျွေးပါ...
မီနို ။                       ။ ဟင်းချက်ပစ္စည်းတွေ တစ်ခုမှ မရှိပဲ ဘယ်လို ချက်မှာလဲ...
မိုမို ။                       ။ ဟို မုန့်ဈေးတန်းမှာ ဆူရှီသွားဝယ်စားရင်ရော...
ယူကီ ။                    ။ ငါအကြိုက် ဒိန်ချဉ်နဲ့ အကင်လေးပါ ၀ယ်ခဲ့ပေးပါ...
မီနို ။                       ။ ငါကိုလည်း ဟိုဟိုလေ။ ဟမ်ဘာဂါ ချိစ်ချိစ်များများနဲ့...
          သူတို့အချင်းချင်း အစားအသောက် အကြောင်းတွေ ပြောပြီ အကျတွင် ကျွန်တော် ဘက်သို့ လှည့်၍၊
ယူကီ ။                    ။ အိချီကိုရော ဘာမှာအုန်းမလဲ...
          ခုချိန်ထိ ဟင်းချက်ဖို့ အစီအစဉ် မရှိသည့်အပြင် စာဖိုမှူးကလပ်ဖြစ်ပြီ အစားအသောက်တွေကို အပြင်က ပြန်ဝယ်စားနေရမှာကို တွေးမိလိုက်သည်နှင့် ကျွန်တော် ခေါင်းတစ်ခုလုံး ကြိမ်းထွက်လာတော့သည်။ ကျွန်တော် ဒေါသတကြီးဖြင့်၊

 ကျွန်တော် ။             ။ ခင်မျာတို့တွေ စာဖိုမှူးကလပ်ဝင်တွေ ဖြစ်နေပြီ။ ဒါကြောင့် ဒီနေ့ကစပြီ ကျောင်းချိန်မှာ ကိုယ်တိုင်ချက်တာပဲ စားရမယ်။ မုန့်ဈေးတန်းမှာ လုံးဝမ၀ယ်စားရဘူး။ ဒါပဲ...
ပြိုင်တူ ။                   ။ ကိန်...
          ခဏကြာတော့ ထူးဆန်းစွာ ကျွန်တော် ဗိုက်ထဲမှ၊
အသံ ။                    ။ ဂြီ...
          ဆိုသည့်အသံ ကျယ်လောင်စွာ ထွက်လာ၍ သူတို့ ၃ယောက် ကျွန်တော်ကို ၀ိုင်းရယ်ကြသဖြင့် အံ့ကို တချက်ကြိတ်လိုက်မိသည်။ ငါဗိုက်ဆာလို့ မဖြစ်ဘူး၊ ယောကျာ်းဆိုတာ ကိုယ်ကတိကိုယ်တည်ရမယ်၊ စာဖိုမှူးဖြစ်ပြီ အပြင်ကတော့ မ၀ယ်စားနိုင်ဘူး။ ဒါဟာ ငါဘ၀ရည်မှန်းချက် နည်းနည်းလေးမှ ပေါ့လျှော့နေလို့ မဖြစ်ဘူးဟု တွေးကာ စိတ်ကို အတင်းတင်းထားသည်။ ထိုချိန် စာဖိုမှူးကလပ် တံခါးဖွင့်သံကြားလိုက်၍ လှမ်းကြည့်လိုက်သည်။ အခန်းဝတွင် ကျောင်းသူများ အစုလိုက်၊ အပြုံလိုက် ရပ်နေပြီ ကျွန်တော်ကို မြင်တော့၊


ကျောင်းသူ ။             ။ ဟယ် အိချီကို စာဖိုမှူးကလပ်ဝင်တယ်လို့ ကြားလို့ လာကြည့်တာ။ တကယ်တော်...
နောက်ကျောင်းသူ ။    ။ ဒါဆို အိချီကိုက သူများပြောသလို အခြောက်ကြီးပေါ့...
တခြားကျောင်းသူ ။     ။ ဟုတ်မယ်နဲ့ တူတယ်။ မဟုတ်ရင် ဒီစာဖိုမှူးကလပ် ဘယ်ဝင်ပါ့မလဲ...
          သူတို့တွေကို တွတ်တီ စကားပြောသံတွေကို ကြားပြီ ခေါင်းထဲမှ အငွေ့တထောင်းထောင်း ထွက်လာတော့သည်။ အခန်းပြင်တွင် ရပ်နေသော ကျောင်းသူများကို စေ့စေ့ကြည့်ရင်း၊

ကျွန်တော် ။              ။ ခင်မျာတို့ကို ကျွန်ုပ်သတ်မယ်...
          အော်လိုက်ရာ အိပ်နေရာမှ ရှုတ်တရပ် လန့်နှိုးသွားတော့သည်။ တော်သေးလို့ အိပ်မက်ဖြစ်နေလို့ပင်၊ စာဖိုမှူးကလပ်ဝင်မည် ဆိုကတည်းက ထိုလို အိပ်မက်ဆိုးတွင်ပင် နေ့စဉ် မက်နေမိသည်။ ကျွန်တော် စာဖိုမှူးကလပ် အခန်းတွင် ထိုင်နေရင်း ဘယ်လို အိပ်မောကျသွားမှန်း မသိလိုက်ပေ။ ဘေးဗယ်ကြည့်လိုက်တော့ ယူကီတစ်ယောက် ပါးစပ်မှ သရေများစီးကျပြီ စားပွဲပေါ်မှောက်နေသည်။ မိုမိုကလည်း ခလောခလောဖြင့် ၁၀ရက်လောက် မအိပ်ရသေးသည့်ပမာ ကုလားထိုင်မှာမှီပြီ အိပ်ပျော်နေတော့သည်။ ဗိုက်ကို ပွတ်ပြီ ဗိုက်တော်တော်ဆာနေပုံဖြင့် မီနိုကတော့ မှိုင်ဝေနေ၍ မျှော်လင့်ချက်မရှိတဲ့ သူတို့ ၃ယောက်ကို ဆက်သည်းမခံနိုင်တော့ပဲ၊

ကျွန်တော် ။              ။ ဟိတ်ဒီမှာ...
          ကျယ်လောင်စွာ အော်လိုက်ရာ မိုမိုက အိပ်ယာမှ လန့်နှိုးလာပြီ အားလုံး ကျွန်တော်ကို အားမရှိသည့်ပမာ ၀ိုင်းကြည့်ကြသည်။
ယူကီ ။                    ။ အိချီကို ဘာလဲဟင်...
ကျွန်တော် ။              ။ ခင်မျာတို့ စာဖိုမှူးကလပ်ကို အိပ်တဲ့ကလပ်များ ထင်နေလို့လား။ ခုထပြီ ကလပ်သန့်ရှင်းလုပ်...
မိုမို ။                       ။ ဗိုက်ဆာလို့ ဘာမှကို မလုပ်နိုင်ဘူး...
ယူကီ ။                    ။ ကျွန်မရောပဲ...
          မီနိုကို ကျွန်တော် လှမ်းကြည့်လိုက်ရာ၊ သူမကလည်း ထိုအတိုင်းပင်။ နောက်ဆုံး ကျွန်တော် လက်လျှော့ပြီ မုန့်ဈေးတန်းသို့ သူတို့နှင့်တူတူ ထွက်လာခဲ့သည်။ မုန့်ဈေးတန်း ၀င်လိုက်သည်နှင့် ကျောင်းသူအားလုံး၏ အကြည့်များသည် ကျွန်တော်ဆီသို့ ဦးတည်လာကြသည်။

ကျောင်းသူ ။             ။ ဟိုမှာ အိချီကို...
နောက်ကျောင်းသူ ။    ။ သူဘေးက ကျောင်းသူတွေက ဘယ်သူတွေလဲ...
တခြားကျောင်းသူ ။     ။ အဲဒါ စာဖိုမှူးကလပ်က ကျောင်းသူတွေလေ...
ကျောင်းသူ ။             ။ မဟုတ်မှလွှဲရော။  အိချီကို စာဖိုမှူးကလပ်ဝင်တယ် ဆိုတာ...
          စကားအဆုံးတွင် ကျွန်တော်ကို အထင်အနည်းငယ် သေးသော အကြည့်ဖြင့် ၀ိုင်းကြည့်ကြ၍၊ တသက်လုံး မိန်းခလေးတွေ အထင်ကြီးအောင် စောင့်ထိန်းလာတဲ့ ကျွန်တော် ဂုဏ်သိက္ခာတွေ ခုတော့ တမနက်တည်းနဲ့ နင်းချေခံရပြီဟု တွေးနေစဉ်၊

ကျောင်းသူ ။             ။ ငါတော့ အိချီကိုလို ဟင်းချက်တော်တဲ့ စာဖိုမှူးပဲ လိုချင်တယ်...
နောက်ကျောင်းသူ ။    ။ တို့ရောပဲ...
တခြား ။                   ။ ငါလည်း ပါတယ်...
          တရုန်းရုန်းဖြင့် အထင်မသေးသည့်အပြင် ကျွန်တော်ကို ပိုလို့တောင် အထင်ကြီးသွား၍ တချက်မဲ့ပြုံးပြုံးလိုက်ပြီ မုန့်ဈေးတန်းတွင် ၀င်ထိုင်လိုက်တော့သည်။ ညနေကျောင်းဆင်းချိန်တွင် ကျွန်တော် စာဖိုမှူးကလပ် ၀င်လိုက်သည့်သတင်းမှာ ကျောင်းသူများအကြား ရေပန်းစား နေတော့သည်။ တချို့ကျောင်းသူတွေဆို ကျောင်းအုပ်ဆီမှာ ဒူးထောက်တောင်းပန်ပြီ စာဖိုမှူးကလပ်ပြောင်းပေးရန် ပြောသော်လည်း ကျောင်းအုပ်ဂွကျသဖြင့် ဖောင်ပိတ်ပြီဟုသာ ပြောလွှတ်ခံကြရသည်။ ထိုသတင်းကို ကျောင်းအုပ်ကြားသွားတော့ ကျွန်တော်ကို စတန့်ထပ်ထွင်တယ်ဆိုပြီ အခေါ်ခံရတော့သည်။

ကျောင်းအုပ် ။           ။ အိချီကို၊ မင်း လူစိတ်ဝင်စားအောင် ဘာစတန့်တွေ ထွင်ပြန်ပြီလဲ...
ကျွန်တော် ။              ။ ဘာစတန့်မှ မထွင်ပါဘူး...
ကျောင်းအုပ် ။           ။ ဒါဆို ခုစာဖိုမှူးကလပ်ဝင်တာရော ဘာသဘောလဲကွ...
ကျွန်တော် ။              ။ ကျွန်တော် ၀ါသနာပါလို့ ၀င်တာပါ...
          စကားကို ပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။ ထိုစဉ် မိုမို၊ မီနိုနဲ့ ယူကီတို့ ကျောင်းအုပ်ရုံးခန်းထဲ ၀င်လာကြသည်။

ကျောင်းအုပ် ။           ။ ကျောင်းသူတွေ ဘာကိစ္စလဲ...
မိုမို ။                       ။ ဟိုဟို၊ စာဖိုမှူးကလပ်အတွက် လိုအပ်မယ့်ပစ္စည်းတွေ ၀ယ်ဖို့ ကျောင်းရန်ပုံငွေထဲက နည်းနည်းပါးပါးလောက်...
          ဟုပြောရင်း လက်နှစ်ချောင်းကို တေ့ရင်း ကလေးဆန်ဆန် မျက်နှာစပ်ဖြီးဖြီး လုပ်နေသည်။ ဒီကောင်မလေး ၃ယောက် ဘာမှ အချိန်အခါ နားမလည်ဘူး။ ကျောင်းအုပ်စိတ်ဆိုးချိန်မှ လာပြောရသလားဟု ကျွန်တော် စိတ်ထဲမှ ကြိမ်းဆဲနေသည်။ ကျောင်းအုပ် သူအံ့ဆွဲထဲမှ ယမ်းထည့်ထားသော စာအိတ်တစ်ခုကို ဆွဲထုတ်လိုက်ပြီ ကျွန်တော်ကို လှမ်းပေး၍ ကျွန်တော် ကြောင်ကြည့်နေမိသည်။

ကျောင်းအုပ် ။           ။ အိချီကို ယူလေ။ မင်းလည်း စာဖိုမှူးကလပ်ထဲက မဟုတ်ဖူးလား...
ကျောင်းအုပ်             ။ အေး၊ မင်း ဟင်းချက်တာ ၀ါသနာပါတယ်ဆို သေချာကြိုးစား...
          ဟုပြော၍ ကျွန်တော် ကျေးဇူးတင်စွာ ကျောင်းအုပ် လက်ထဲမှ စာအိတ်ကို လှမ်းယူလိုက်ပြီ၊

အိချီကို ။                  ။ ဟိုက်၊ စာဖိုမှူးကောင်း တစ်ယောက် ဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ်...
          ဟုကျောင်းအုပ်၊ မိုမို၊ မီနို နှင့် ယူကီတို့ ရှေ့တွင် ကတိပြုလိုက်တော့သည်။

-------------------------------------------------------
         

1 comment: